ရှင်းကျန်း၌ မိုပေါင်း(၉၅၀၀၀၀)ကျယ်ဝန်းသောဝါဂွမ်းမြေကို မောင်းသူမဲ့ မျိုးကြဲစက်ဖြင့် စတင် မျိုးစေ့ကြဲ

(GMT+08:00)2023-04-04 15:33:02  

ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတောင်ပိုင်း၌ ရာသီဥတု တဖြည်းဖြည်း ပြန်လည်ပူနွေးလာသည်နှင့်အမျှ ရှင်းကျင်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ Tumushuke မြို့၌ မိုပေါင်း(၉၅၀၀၀၀)ကျယ်ဝန်းသောဝါဂွမ်းမြေကို စတင် မျိုးစေ့ကြဲပါသည်။ နည်းပညာ သစ်၊ လယ်ယာအရင်းအမြစ်သစ် အမျိုးမျိုးကို အသုံးပြုလာသည်နှင့်အမျှ နွေဦးရာသီ ဝါဂွမ်းမျိုးစေ့ကြဲမှုဆိုင်ရာ တွင်ကျယ်မှုကို တိုးမြှင့်လာပါသည်။ Tumushukeမြို့ Jiaheမြို့နယ်၌ တိကျမှန်ကန်စွာတိုင်းတာပြီး ပလပ်စတစ်မြေငွေ့ထိန်းကာ မျိုးကြဲစက် ၃၊၄လုံးသည် မြေ၌ လည်ပတ်နေကြပါသည်။ ၎င်း မျိုးစေ့ကြဲစက်သည် ပေတို ဂြိုဟ်တုလမ်းညွှန်စနစ်နှင့် မောင်းသူမဲ့နည်းပညာတို့ကို အသုံးပြုထားပါသည်။ ကြိုတင် သတ်မှတ်ထားသော မျိုးစေ့ကြဲလမ်းကြောင်းအတိုင်း တိကျမှန်ကန်စွာ မျိုးစေ့ ကြဲသည့် အပြင် ရေဖျန်းမှု နှင့် ပလပ်စတစ်မြေငွေ့ထိန်းမှုတို့ကို တစ်လျှောက်လုံး တစ်ခါတည်း ဆောင်ရွက် ပြီးစီးရန် အကောင်အထည်ဖော်နိုင်ပါသည်။ လွဲမှားချက်သည် (၂)မီလီမီတာ မကျော်သည့် အပြင် ဝါဂွမ်းစိုက်ပျိုးရေးနှောင်းပိုင်းကာလတွင် မြေထဲ စီမံခန့်ခွဲမှုနှင့် ဆွတ်ခူး မှုအတွက် အဆင်ပိုပြေလိမ့်မည်။