မိမိနိုင်ငံ၏ဘာသာစကားကို ကာကွယ်ထိန်းသိမ်းရန်အတွက် အီတလီသည် ဥပဒေမူကြမ်း တစ်ရပ်ကို တင်သွင်းပြီး အင်္ဂလိပ်ဘာသာစကား အလွဲသုံးစား ပြုလုပ် ခြင်းကို အရေးယူမည်

(GMT+08:00)2023-04-03 16:20:54  

အီတလီ Fratelli d'Italia ပါတီသည် အီတလီဘာသာစကားကို ကာကွယ် ထိန်းသိမ်းရန်အတွက် အီတလီနိုင်ငံသားများအား တရားဝင်ကူးလူးဖလှယ်ရာတွင် အင်္ဂလိပ် ဘာသာစကားသို့မဟုတ် အခြားနိုင်ငံခြားဘာသာစကားများကို အသုံးပြုရန် ကန့်သတ်သော ဥပဒေမူကြမ်းသစ်တစ်ရပ်ကို တင်သွင်းခဲ့ပါသည်။

အဆိုပါဥပဒေမူကြမ်းတွင် ပါရှိသည့် ကန့်သတ်ချက်များမှာ နိုင်ငံခြား ဘာသာ စကားအားလုံး ပါဝင်သော်လည်း အဓိကအားဖြင့် အင်္ဂလိပ်ဘာသာစကားပင် ဖြစ်ကြောင်း၊ အစိုးရဝန်ထမ်းအားလုံးသည် အီတလီဘာသာစကားကို တတ်ကျွမ်းပြီး အီတလီ ဘာသာစကား စာစကားနှင့် ပြောစကားကို ကျွမ်းကျွမ်းကျင်ကျင် သိရှိနားလည်ရမှာ ဖြစ်ကြောင်း၊ အစိုးရစာရွက်စာတမ်းများတွင် အင်္ဂလိပ်ဘာသာစကားကို အသုံးပြုရန် ခွင့်မပြုကြောင်း၊ နိုင်ငံခြားလုပ်ငန်းများတွင် အီတလီဘာသာစကားဖြင့် ရေးသားသော အတွင်းစည်းမျဉ်း စည်းကမ်းများနှင့် အလုပ်အကိုင်ဆိုင်ရာစာချုပ်များ ရှိရန် လိုကြောင်း၊ သို့မဟုတ်လျှင် ဒဏ်ငွေ ယူရိုငွေ ၅ထောင်မှ ၁သိန်းအထိ ပေးရမည် ဖြစ်ကြောင်း CNN က ဧပြီလ ၁ရက်နေ့က ရေးသားဖော်ပြခဲ့ပါသည်။