ဆေးဝါးဖြန့်ဖြူးရေးစက်ရုပ်လူသားသည် လူနာများအား ဝန်ဆောင်မှုပေးသည့်အတွက် ငွေပေးချေမှုမှ ဆေးယူခြင်းအထိ မိနစ်ဝက် သာကြာ

(GMT+08:00)2023-04-03 16:36:23  

မကြာသေးမီက တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့ ဒယ်ချင်းခရိုင်ရှိ တတိယပြည်သူ့ဆေးရုံ၏ စမတ်ဆေးဆိုင်မှ ဆေးဖြန့်ဝေပေးသည့် စက်ရုပ်လူသားသည် တရားဝင် စတင်အလုပ်လုပ်နေပြီဖြစ်သည့်အတွက် လူနာများသည် ငွေပေးချေမှုမှ ဆေးယူခြင်းအထိ မိနစ်ဝက်သာကြာသည်။ မကြာသေးမီနှစ်များအတွင်း ဒယ်ချင်းခရိုင် သည် cloud computing၊ Internet of Things နှင့် artificial intelligence ကဲ့သို့သော အဆင့်မြင့်နည်းပညာများကို အသုံးပြုခဲ့ပြီး cloud လူနာစမ်းသပ်ခန်း၊ scan ဖတ်ပြီး ငွေပေးချေမှု၊ AI နှင့် big data ဖြင့် ကျန်းမာရေးအခြေအနေဖော်ပြခြင်းနှင့် ဆေးဝါးဖြန့်ဖြူးရေးစက်ရုပ်များအပါအဝင် စမတ်ဆေးဘက်ဆိုင်ရာပရောဂျက်များကို တည် ဆောက်ခဲ့ပြီး ပြည်သူများ  အိမ်အနီးအနားတွင် အရည်အသွေးမြင့် ဆေးဘက် ဆိုင်ရာ ဝန်ဆောင်မှုများကို ခံစားစေနိုင်ပါသည်။