ကျန်းရှီးပြည်နယ် ရှန်းယော်မြို့ရှိ သစ်တောနှင့်ဝါးထုတ်ကုန်စက်ရုံကြောင့် ဒေသခံများ ၀င်ငွေတိုး

(GMT+08:00)2023-04-03 16:54:38  

ဧပြီလ ၁ ရက်နေ့က ကျန်းရှီးပြည်နယ် ရှန်းယော်မြို့ ထျန်းကျူးရှန်းရွာရှိ ထျန်းအား သစ်တောနှင့် ဝါးထုတ်ကုန်စက်ရုံတွင် အလုပ်သမားများသည် ဝါးချိုးခြင်း၊ ပုံဆွဲခြင်း၊ဝါးပြုတ်ခြင်း၊ အခြောက်ခံရန် နေလှန်ခြင်းတို့ဖြင့် အလုပ်များနေကြသည်။ မကြာခင်နှစ်များအတွင်း ထျန်းကျူး ရှန်းရွာသည် ကြွယ်ဝသည့် ဝါးနှင့် သစ်တော အရင်းအမြစ်များကို အသုံးပြုပြီး သစ်တောနှင့် ဝါးထုတ်ကုန်စက်ရုံကို တည်ဆောက်ထားသဖြင့် ယခုအချိန်အထိ ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုနှင့် မသန်စွမ်းသူများ ၃၀ ကျော်ကို အလုပ်အကိုင်ရရှိစေကာ တစ်ဦးလျှင် လစဉ်ဝင်ငွေ ယွမ် ၄၀၀၀ ခန့် တိုးလာစေသည်။