တရုတ်ပုံစံခေတ်မီရေးသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နမူနာတစ်ခုပေးသည်ဟု ပါကစ္စတန်စီမံခန့်ခွဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဆို

(GMT+08:00)2023-04-03 16:16:18  

လွန်ခဲ့သည့်နှစ် ဆယ်ပေါင်းများစွာ အတွင်းတွင် တရုတ်နိုင်ငံက လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး ပါကစ္စတန် နိုင်ငံအပါအဝင် အခြား နိုင်ငံများကိုလည်း အကျိုးစီးပွားများ ခံစားစေခဲ့ကြောင်း၊ ပါကစ္စတန်နိုင်ငံအနေနှင့် တရုတ်နိုင်ငံနှင့် ပိုမိုနက်ရှိုင်းသော ကုန်ထုတ်လုပ်မှုပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက် လုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ပါကစ္စတန်စီမံခန့်ခွဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Ahsan Iqbal Chaudhary က မကြာခင်ရက်များက ပိုအော်အာရှဖိုရမ် ၂၀၂၃ခုနှစ် နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ခဲ့ရာတွင် ပြောကြားခဲ့ ပါသည်။

Chaudhary သည် တတိယအကြိမ်အဖြစ် ပိုအော် အာရှဖိုရမ်ကို တက်ရောက်ခြင်း ဖြစ်သည်။ ယင်း ဖိုရမ်သည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်နေပြီး ကမ္ဘာလုံးဆိုင်ရာ ရေးရာများကို တိုင်ပင် ဆွေးနွေးရန်အတွက် အပြန်အလှန် လေ့လာကိုးကားသည့် ပလက်ဖောင်းတစ်ခု ဖန်တီး ပေးနေကြောင်း ၄င်းက ပြောကြားခဲ့ပါ သည်။