တစ်နာရီလျှင် ကီလိုမီတာ ၆၀၀ အထိ ပြေးဆွဲနိုင်သော High-Temperature Superconducting Electric Suspension သယ်ယူပို့ဆောင်ရေးစနစ်သည် ပထမဆုံးအကြိမ်ပြေးဆွဲလည်ပတ်

(GMT+08:00)2023-04-03 16:39:35  

မကြာခင်က CRRC ချန်ချွင်းရထားကုမ္ပဏီမှ ကိုယ်တိုင်တီထွင်ထားသော High-Temperature Superconducting Electric Suspension ဘက်စုံ စမ်းသပ်မှု စနစ်သည် ၎င်း၏ပထမဆုံး အကြိမ် သံလိုက် ပြေးဆွဲလည်ပတ်မှုကို ပြီးစီးခဲ့သည်။

High-Temperature Superconducting Electric Suspension သယ်ယူပို့ဆောင်ရေးစနစ်သည်  ယာဉ်များ၊ ရထားလမ်းများ၊ traction power supply၊ operation communication စသည့်စနစ်များဖြင့် ဖွဲ့စည်းထားပြီး ၎င်း၏မြန်နှုန်းမှာ တစ်နာရီလျှင် ၆၀၀ ကီလိုမီတာ နှင့် အထက်ရှိနိုင်ကာ မြန်နှုန်းမြင့်မှု၊ ဘေးကင်းမှု၊ စိမ်းလန်းမှု၊ ဉာဏ်ရည်ဉာဏ်စွမ်းရှိမှု၊ သက်တောင့်သက်သာရှိမှုနှင့် ခိုင်ခံ့သော ပတ်ဝန်းကျင် လိုက်လျောညီထွေရှိမှု စသည့်အားသာချက်များရှိသည်ဟုသိရပါသည်။