လာဗ်ရော့ဗ်သည် အန်တိုနီဘလင်ကင်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2023-04-03 16:19:53  

ဧပြီလ၂ရက်နေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗ်ရော့ဗ်သည် ဖိတ်ကြားချက် အရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ် ခဲ့ပါသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင် ထိုသို့တယ်လီဖုန်းဖြင့် ဆက်သွယ်ရာ၌ ဝန်ကြီး အန်တိုနီဘလင်ကင်က ရုရှားနိုင်ငံအား အဖမ်းခံခဲ့ရသော Wall Street Journal သတင်းထောက် Evan Gershkovich ကို လွှတ်ပေးရန် တိုက်တွန်းခဲ့ ကြောင်း ဖော်ပြထားပါသည်။

ဝန်ကြီး လာဗ်ရော့ဗ်က Evan Gershkovich သည် လျှို့ဝှက်သတင်းအချက်အလက် ရယူ နေချိန်တွင် ဖမ်းဆီးရမိခြင်း ဖြစ်ပြီး တရားမဝင်လှုပ်ရှားမှုတွင် ပါဝင်ကြောင်း အဖြစ်မှန် ခိုင်လုံ သည့်အတွက် ရုရှားနိုင်ငံအနေဖြင့် ၄င်းကို ဖမ်းဆီးခြင်းကိစ္စအား ရုရှားနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးသို့ တရားဝင်အကြောင်းကြားခဲ့ပြီ ဖြစ်ကြောင်း၊ ယင်းအမှုအခင်းကို ရုရှားတရားရုံးက စီရင်ဆုံးဖြတ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။