ဧပြီလ ၃ရက်နေ့သည် ဘားကုဒ် (Bar code) ဖြစ်ပေါ်လာခြင်း နှစ် ၅၀ပြည့်ဖြစ်သည်

(GMT+08:00)2023-04-03 16:51:08  

ယခုနှစ် ဧပြီလ ၃ရက်နေ့သည် ဘားကုဒ် (Bar code) ဖြစ်ပေါ်လာခြင်း နှစ် ၅၀ပြည့် နေ့ ဖြစ်ပါသည်။ ၁၉၅၃ ခုနှစ်တွင် ဘားကုဒ်နည်းပညာကို အမေရိကန်နိုင်ငံတွင်  မူပိုင်ခွင့်ရခဲ့သော်လည်း ၁၉၇၃ခုနှစ် ဧပြီလ ၃ရက်နေ့ ကျမှ လက်လီကုမ္ပဏီများသည် ဘားကုဒ် စကန်းဖတ်ခြင်းဆိုင်ရာ စံချိန်စံနှုန်းအပေါ် သဘောတူညီမှုရရှိခဲ့ပြီး နောက် တစ်နှစ်တွင် အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ်တွင် ဘားကုဒ်ပါသော ပထမဆုံး ထုတ်ကုန်ဖြစ်သည့်  ပီကေတစ်ထုပ်ကို စကန်းဖတ်ခဲ့ရပါသည်။

လက်ရှိ ကမ္ဘာပေါ်တွင် ဘားကုဒ်စကန်းဖတ်ခြင်း အကြိမ်အရေအတွက်သည် တစ်နေ့လျှင် ၆ ဘီလီယံအထိ ရှိပြီး စက္ကန့်တိုင်းတွင် ကုန်ပစ္စည်း ၇ သောင်းခန့်ကို ဘားကုဒ်စကန်းဖတ်ပြီး ရောင်းချပါသည်။ စူပါမားကတ်များတွင် ဈေးဝယ်ပါက ဘားကုဒ်များကို တွေ့မြင် ရမည် ဖြစ်ပါသည်။ သို့သော် သိပ္ပံနည်းပညာ တိုးတက်လာသည် နှင့်အမျှ အထူး သဖြင့် QR ကုဒ်များပေါ်လာခြင်းသည် ဘားကုဒ်များတွင်  အစားထိုးနိုင် မည်ဖြစ်ပါသည်။