ကိန်မာ-အဆိုအကအဖွဲ့သည် အမျိုးသားယဉ်ကျေးမှု ပြန့်ပွားစေရန် ဒေသခံအကနှင့် ရိုးရာတေးဂီတများဖြင့် တင်ဆက်

(GMT+08:00)2023-04-03 16:49:56  

ပြီးခဲ့သည့် ဆယ်နှစ်ကျော်က ယူနန်ပြည်နယ် လင်ဆန်းမြို့ ကိန်မာခရိုင်ရှိ အဆိုအက အဖွဲ့သည် ဖွံ့ဖြိုးမှုအကျပ်အတည်းမှ ရုန်းထွက်နိုင်ရန်အတွက် ဝါရင့်အနုပညာရှင်များနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆက်ခံသူများအား သွားရောက်တွေ့ဆုံပြီး ဒေသခံအကနှင့် ရိုးရာတေးဂီတများကို ဇာတ်ခုံပေါ်သို့ ယူဆောင်ကာ တင်ဆက်ပြသခဲ့ပါသည်။ လက်ရှိ အဖွဲ့တွင် ပျမ်းမျှ အသက် ၂၀ နှစ်အောက်ရှိ အဖွဲ့ဝင် ၃၂ ဦးတို့သည် ဖျော်ဖြေပွဲနှင့် ပြိုင်ပွဲအမျိုးမျိုးတွင် ပါဝင် ဖျော်ဖြေ ယှဉ်ပြိုင်ကြကာ လူကြိုက်များလာပါကြောင်း သတင်းအရသိရပါသည်။