၂၀၂၃ခုနှစ် မေလမှ နှစ်ကုန်အထိ ရေနံစိမ်း ထုတ်လုပ်မှုပမာဏကို ကိုယ့်ဆန္ဒအလျောက် လျှော့ချမည်ဟု နိုင်ငံအချို့က ကြေညာ

(GMT+08:00)2023-04-03 16:55:44  

       

        ၂၀၂၃ခုနှစ် မေလမှ နှစ်ကုန်အထိ ရေနံစိမ်း ထုတ်လုပ်မှုပမာဏကို ကိုယ့်ဆန္ဒအလျောက် လျှော့ချမည်ဟု နိုင်ငံအချို့က ဧပြီလ ၂ ရက်နေ့တွင် ကြေညာခဲ့သည်။

        မေလမှ နှစ်ကုန်အထိ ဆော်ဒီအာရေဗျနိုင်ငံသည် ရေနံစိမ်း နေ့စဉ် ထုတ်လုပ် မှု စည်ပေါင်း ၅၀၀၀၀၀ ကို ကိုယ့်ဆန္ဒအလျောက် လျှော့ချမည်ဟု ကြေညာကြောင်း၊ အာရပ် စော်ဘွားများနိုင်ငံကလည်း စည်ပေါင်း ၁၄၄၀၀၀ ၊ ကူဝိတ်သည် စည်ပေါင်း ၁၂၈၀၀၀ ၊ အီရတ်ကလည်း စည်ပေါင်း ၂၁၁၀၀၀ ၊အယ်လ်ဂျီးရီးယားက စည်ပေါင်း ၄၈၀၀၀၊  ကာဇက်စတန်က စည်ပေါင်း ၇၈၀၀၀ဝနဲ့ အိုမန်က စည်ပေါင်း ၄၀၀၀၀ ကိုလျှော့ချမည်ဟုကြေညာကြောင်း၊ ရုရှား ဒုဝန်ကြီးချုပ် နိုဗက်က ရုရှားနိုင်ငံ၏ ရေနံစိမ်း နေ့စဉ် ထုတ်လုပ်မှု နေ့စဉ် စည်ပေါင်း ၅၀၀၀၀၀ လျှော့ချရန် အစီအစဉ်ကို ၂၀၂၃ခုနှစ် နှစ်ကုန်အထိ သက်တမ်းတိုးမည်ဟု ကြေညာခဲ့ကြောင်း သတင်းအရ သိရပါသည်။