ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ဆွေးနွေးပွဲတွင် မိန့်ခွန်း ပြောကြား

(GMT+08:00)2023-04-02 17:00:16  

မတ်လ ၃၀ ရက်နေ့ ညနေပိုင်းက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့သည် ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ်ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ် လေ့လာ ဖေါ်ဆောင်ရေးနှင့် ပတ်သက်ပြီး စတုတ္ထ အကြိမ် စုပေါင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ဆွေးနွေးပွဲတွင် အရေးကြီးမိန့်ခွန်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က ခေတ်သစ်တွင် တရုတ်ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်ကို လေ့လာ ဖေါ်ဆောင်ရေးသည် ခေတ်သစ် ခရီးစဉ်သစ်တွင် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ် ထူထောင်ရန် အရင်းခံ လိုအပ်ချက် ဖြစ်ကြောင်း၊ ပါတီ တစ်ရပ်လုံး အထူးသဖြင့် ကေဒါခေါင်းဆောင်များ အနေနှင့် ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝီသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်ကို အဆက်မပြတ် နက်ရှိုင်းလာအောင် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။