၂၀၂၃ခုနှစ်တွင် ဘေကျင်းအနောက်မှ ဟောင်ကောင်အနောက်Kowloon သို့ ပထမဆုံး အမြန်ရထားသည် ဘေကျင်း အနောက်မီးရထားဘူတာမှ ထွက်ခွာ

(GMT+08:00)2023-04-02 17:01:11  

ဧပြီလ ၁ ရက်နေ့က ဘေကျင်းအနောက်မှ ဟောင်ကောင်အနောက်Kowloon သို့G79 ရထားသည် ဘေကျင်း အနောက်မီးရထားဘူတာမှ ထွက်ခွာခဲ့သည်။ ၎င်းသည် ဘေကျင်း-ထျန်းကျင်း-ဟိုဘေမှ ဟောင်ကောင်သို့ ၂၀၂၃ခုနှစ်တွင် ပထမဆုံးအကြိမ် ခုတ်မောင်းသော အမြန်ရထားဖြစ်ပြီး ဘေကျင်း-ထျန်းကျင်း-ဟိုဘေမှ ဟောင်ကောင်သို့ အမြန်ရထား ပြေးဆွဲလည်ပတ်မှု ပုံမှန်ဖြစ်လာခြင်းကို ပြဆိုထားကြောင်း၊ ခရီးသွားများ၏လိုအပ်ချက်များကိုတစ်ဆင့်တိုး ဖြည့်ဆည်းပြီး ဘေကျင်း-ထျန်းကျင်း-ဟိုဘေနှင့် ဟောင်ကောင်အကြားဝန်ထမ်းစီးဆင်းမှုနှင့် စီးပွားကုန်သွယ်ရေးကူးလူးဖလှယ်မှုများကိုတိုးမြှင့်နိုင်ကြောင်းသိရပါသည်။