ချီလီမြောက်ပိုင်းတွင် ပင်လယ်ဖျံကောင်ကြီးနှင့် ပင်ဂွင်ငှက် ၂၂၀၀ ကျော် ကြက်ငှက်တုပ်ကွေးကြောင့် သေဆုံး

(GMT+08:00)2023-04-02 17:02:55  

ချီလီနိုင်ငံ တံငါလုပ်ငန်းနှင့် ရေလုပ်ငန်း စီမံခန့်ခွဲရေးဦးစီးဌာနမှ မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်သည့် သတင်းအရ ယခုနှစ် ဖေဖေါ်ဝါရီလလယ်မှ စတင်ပြီး ၎င်းနိုင်ငံ၏ မြောက်ပိုင်း ကမ်းရိုးတန်းဒေသများတွင် ပင်လယ်ဖျံကောင်ကြီး ၁၅၃၆ ကောင်နှင့် ပင်ဂွင်ငှက် အကောင် ၇၃၀ တို့သည် ကူးစက်မြန်သော ကြက်ငှက်တုပ်ကွေးကြောင့် သေဆုံးခဲ့ခြင်းကို တွေ့ရှိခဲ့ကြောင်းသိရပါသည်။

တောင်အမေရိကနိုင်ငံများတွင် ချီလီအပြင်  ပီရူးနိုင်ငံတွင်လည်း ယခုလောလောဆယ်တွင် ပင်လယ်ဖျံကောင်ကြီးအကောင် ၃၅၀၀ ကျော် ကူစက်မြန်သော ကြက်ငှက်တုပ်ကွေးကြောင့် သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာသတင်းအရသိရပါသည်။