ရုရှားကာကွယ်ရေးဝန်ကြီး ရှော်အီကူက ရုရှားသည် အားကောင်း ထက်မြက်သော လက်နက်များ ထုတ်လုပ်မှုကို များစွာ တိုးမြှင့်မည်ဟု ကြေညာ

(GMT+08:00)2023-04-02 17:02:23  

ဧပြီလ ၁ ရက်နေ့တွင် ရုရှား ကာကွယ်ရေးဝန်ကြီး ရှော်အီကူသည် လက်နက်ထောက်ပံ့မှုဆိုင်ရာ ကာကွယ်ရေး အစည်းအဝေးကို ဦးစီးကျင်းပခဲ့သည်။ ရှော်အီကူက ရုရှားနိုင်ငံသည် အားကောင်း ထက်မြက်သော လက်နက်များ ထုတ်လုပ်မှုကို အမြောက်အမြား တိုးမြှင့်ရန် ဆောင်ရွက်နေပြီး လက်ရှိအချိန်တွင် ထောက်ပံ့မှု ပမာဏ တိုးမြှင့်ရန် ဆောင်ရွက် နေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။