တရုတ်နှင့် မလေးရှား ဆက်ဆံရေးနှင့် နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်ရေးကို စနစ်တကျ ကောင်းမွန်စွာ တွန်းအားပေးရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2023-04-01 17:51:33  

 မတ်လ ၃၁ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီးတွင် တရုတ်နိုင်ငံတွင် တရားဝင် ခရီးလှည့်လည်နေသော မလေးရှား ဝန်ကြီးချုပ် အန်ဝါရ်နှင့် တွေ့ဆုံခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့် မလေးရှား ချစ်ကြည်ရေးသည် သမိုင်းသက်တမ်း ကြာမြင့်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှုသည် အစဉ်တစိုက် ဒေသတွင်းနိုင်ငံများ၏ ရှေ့တန်း နေရာတွင် ရှိနေပါကြောင်း၊ နှစ်ဖက်တို့သည် လာမည့်အဆင့်ကာလတွင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်ရေးကို စနစ်တကျ ကောင်းမွန်စွာ တွန်းအားပေးရမည် ဖြစ်ပြီး နှစ်နိုင်ငံနှင့် ဒေသတွင်း စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် တွန်းအားသစ် ထည့်သွင်းပေးရမည် ဖြစ်ကြောင်း ပြောကြား ပါသည်။

အန်ဝါရ်က အဆွေတော်သည် တရုတ်နိုင်ငံ၏ သမိုင်းဖြစ်စဉ်ကို ပြောင်းလဲပေးသည့် အပြင် ကမ္ဘာကြီးနှင့် လူသားများ ယဉ်ကျေးမှုအတွက် မျှော်လင်ချက်အသစ်ကို ဆောင်ကြဉ်း ပေးလာသည်ဟု မိမိ မှတ်ယူပါကြောင်း ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။