မတ်လ ၃၁ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီးတွင် တရုတ်နိုင်ငံတွင် တရားဝင် ခရီးလှည့်လည်နေသော စင်ကာပူ ဝန်ကြီးချုပ် လီရှိန်လုံးနှင့် တွေ့ဆုံခဲ့ပါသည်။
ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့သည် အရေးကြီးသည့် ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် ဖြစ်ကြောင်း၊ တရုတ်နှင့် စင်ကာပူ ဆက်ဆံရေးတွင် အမြှော်အမြင်ရှိခြင်း၊ မဟာဗျူဟာမြောက်ခြင်း၊ စံနမူနာပြခြင်းတို့ ပေါ်လွင်နေပြီး နှစ်နိုင်ငံ၏ ကိုယ့်ပြည်တွင်း ဖွံ့ဖြိုးတိုးတက်ရေးကို အားကောင်းစွာ တွန်းအား ပေးသည့်အပြင် ဒေသတွင်း နိုင်ငံများအတွက်လည်း စံနမူနာ ထူပြနေကြောင်း ပြောကြားပါသည်။
လီရှိန်လုံးက မိမိ၏ ယခုအကြိမ် ခရီးစဉ်ဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်ဖက်အကြား အဆင့်မြင့်ခေါင်းဆောင်များ ကူးလူးဆက်ဆံရေးအတွက် တွန်းအားသစ် ထည့်သွင်းပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။