ကမ္ဘာကြီးသည် ပိုအော် အာရှဖိုရမ်မှ ယုံကြည်စိတ် ရရှိ

(GMT+08:00)2023-04-01 17:55:30  

 ပီကင်းစံတော်ချိန် မတ်လ ၃၀ ရက်နေ့မှာ ဟွန်ဒူရပ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဟွန်ဒူရပ် သမ္မတ ကာစထရို က မကြာခင်မှာ တရုတ်နိုင်ငံသို့ ခရီးလှည့်လည်မယ်လို့ ကြေညာခဲ့ပါတယ်။ မကြာခင်က ဟွန်ဒူရပ်နိုင်ငံက ထိုင်ဝမ်နဲ့ “သံတမန် ဆက်ဆံရေး” ကို ဖြတ်တောက်ပြီး တရုတ်နိုင်ငံနဲ့ သံတမန် ဆက်ဆံရေး ထားရှိကြောင်း ကြေညာခဲ့ပါတယ်။

   ကြာရှည်တဲ့ ကာလအတွင်း ထိုင်ဝမ် မင်ကျင့်တန်ပါတီ အာဏာပိုင်အဖွဲ့က “ငွေပိုက်ဆံ သံတမန်ရေး” ကို အားကိုးပြီး “သံတမန် ဆက်ဆံရေး” ဆိုတာကို ထိန်းသိမ်းထားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်များအတွင်း ပေါက်ကြားလာခဲ့တဲ့ “ငွေပိုက်ဆံ သံတမန်ရေး” နဲ့ပတ်သက်တဲ့ သတင်းဆိုး များပြားပြီး သက်ဆိုင်ရာ ငွေပိုက်ဆံ အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ရှိပါတယ်။

   ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလက ဟွန်ဒူရပ် သမ္မတဟောင်းရဲ့ဇနီး Rosa Elena Bonilla က အစိုးရပိုင်ငွေကြေးကို သိမ်းယူခဲ့ခြင်းကြောင့် အဖမ်းခံခဲ့ရတယ်။ အဲဒီ မိုက်ကြေးများရဲ့ အစိတ်အပိုင်းဟာ ထိုင်ဝမ် အာဏာပိုင်အဖွဲ့ရဲ့ “အလှူငွေ” ဆိုတာပဲ ဖြစ်တယ်။

   ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ကာစထရိုက သမ္မတ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့စဉ်မှာ သမ္မတ အဖြစ် ရွေးချယ်တင်မြှောက် ခံရပါက ထိုင်ဝမ်နဲ့ “သံတမန် ဆက်ဆံရေး” ဖြတ်တောက်ပြီး တရုတ်နိုင်ငံနဲ့ သံအဆက်အသွယ် ထားရှိမယ်လို့ ပြောကြားခဲ့တယ်။ အဲဒီအခါ ထိုင်ဝမ် “သီးခြားတည်ရှိရေး” အင်အားစုများက ဟွန်ဒူရပ်အား “ချက်လက်မှတ်” များစွာကို ဆက်တိုက် ထုတ်ပေးခဲ့ပြီး ဒီ့ထက်မက ဟွန်ဒူရပ် ဒေသခံ မီဒီယာများအား ငွေပိုက်ဆံများပေး၍ တရုတ်နဲ့ ဟွန်ဒူရပ် သံတမန် ဆက်ဆံရေး ထားရှိခြင်းကို ကန့်ကွက်တဲ့ သတင်းအတုတွေကိုဖြန့်ခဲ့ကြတယ်။

   ဒီနှစ် မတ်လ ၁၅ ရက်နေ့မှာ ကာစထရိုက တရုတ်နိုင်ငံနဲ့ သံတမန် ဆက်ဆံရေး ထားရှိဖို့ ရှာကြံကြောင်းကို တရားဝင် ကြေညာခဲ့ပြီးနောက် အမေရိကန် အထက်လွှတ်တော် အမတ်ဟောင်း Christopher Dodd က သမ္မတရဲ့ အထူးအကြံပေး အဖြစ် ဟွန်ဒူရပ်ကို အရေးပေါ် သွားရောက်ပြီး ကာစထရိုရဲ့ ဆုံးဖြတ်ချက်ကို တားမြစ်ဖို့ ကြံဆခဲ့တယ်။

   တရုတ်ပြည်တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေးဟာ သမိုင်းရေစီးကြောင်းပဲ ဖြစ်ပြီး ထိုင်ဝမ် အာဏာပိုင်အဖွဲ့ရဲ့  “ငွေပိုက်ဆံ သံတမန်ရေး” နဲ့ရော အမေရိကန်ရဲ့ ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်မှုနဲ့ပါ တားမြစ်နိုင်မှာ မဟုတ်ဘူးလို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။