ရှီကျင့်ဖိန်သည် စပိန် ဝန်ကြီးချုပ်နှင့် တွေ့ဆုံ

(GMT+08:00)2023-04-01 17:53:40  

မတ်လ ၃၁ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီးတွင် တရုတ်နိုင်ငံတွင် တရားဝင် ခရီးလှည့်လည်နေသော စပိန် ဝန်ကြီးချုပ်  စန်ချယ်ဇ်နှင့် တွေ့ဆုံခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးဖြင့် တရုတ် အသွင်ပုံစံ ခေတ်မီရေးကို ဘက်စုံ တွန်းအားပေးရန် ကြိုးပမ်းဆောင်ရွက်နေပြီး စပိန် အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးအတွက် ပိုမို ကျယ်ပြန့်သော ဈေးကွက်များနှင့် ပိုမို များပြားသော ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများကို ဖန်တီးပေးမည် ဖြစ်ကြောင်း ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။