Kentuckyပြည်နယ်မှာ လေ့ကျင့်ရေးလုပ်နေစဉ်အတွင်း ရဟတ်ယာဉ်နှစ်စင်း တိုက်မိပြီး လူ၉ဦး သေဆုံး

(GMT+08:00)2023-03-31 15:39:14  

အမေရိကန် လေထီးဆင်း ဒီဝီဇံတပ် (၁၀၁)က မတ်လ၂၉ ရက်နေ့ ညတွင် တိုက်မိခဲ့သော Black Hawk ရဟတ်ယာဉ်နှစ်စင်းသည် ဖို့တ်ကမ်းဘဲလ် အနောက်မြောက်ဘက် ၄၈ကီလိုမီတာအကွာတွင် ပျက်ကျခဲ့ကြောင်း မတ်လ ၃၀ ရက်နေ့က အတည်ပြုခဲ့သည်။ လေယာဉ်ပျက်ကျမှုတွင် လူ ၉ဦးသေဆုံး

ကြောင်း၊ အခင်းမဖြစ်ပွားမီ "လေယာဉ်များအဖွဲ့" လေ့ကျင့်မှုကို ဆောင်ရွက်နေကြောင်း၊ ရဟတ်ယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။