ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် မီးရထားလိုင်း၏ လမ်းခင်းခြင်းလုပ်ငန်း ပြီးစီး

(GMT+08:00)2023-03-31 15:41:07  

အင်ဒိုနီးရှားစံတော်ချိန် မတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီတွင် ဂျာကာတာ-ဘန်ဒေါင်း အမြန်ရထားလမ်း လမ်းခင်းခြင်း အခမ်းအနားကို တာလီမ် ဘူတာ၏ အမှတ် ၃ ပလက်ဖောင်းတွင် ကျင်းပခဲ့ပြီး ဂျာကာတာ-ဘန်ဒေါင်း အမြန်ရထားလမ်းခင်းခြင်း လုပ်ငန်းပြီးစီးပြီဟုပြဆိုကာ အရည်အသွေးမြင့်မားစွာ လည်ပတ်ခြင်းအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ချထားပါသည်။

ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းတည်ဆောက်ပြီးလျှင် ဂျကာတာမြို့မှ ဘန်ဒေါင်းသို့ ခရီးသွားချိန်ကို ယခု ၃ နာရီမှ မိနစ် ၄၀ ကျော်သို့ တိုသွားမည်ဖြစ်ကြောင်း၊ ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းသည် အင်ဒိုနီးရှား၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်၊ တရုတ်နှင့် အင်ဒိုနီးရှားအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် "Belt and Road"အတူတည်ဆောက်ရေးကို တိုးမြှင့်ရန် ဖြစ်ကြောင်း သိရပါသည်။