Tsai Ing-wen သည် ကန်သို့ သွားရောက်လည်ပတ်ရန် ကန်၏ စီစဉ်ပေးခြင်းအပေါ် တရုတ် ကန့်ကွက်

(GMT+08:00)2023-03-31 15:38:03  

မတ်လ ၃၀ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် Tsai Ing-wen အမေရိကန်နိုင်ငံသို့ သွားရောက်လည်ပတ် ခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က တရုတ်နိုင်ငံအနေဖြင့် မည်သည့်ပုံစံမဆို ဖြစ်သော အမေရိကန်-ထိုင်ဝမ် တရားဝင် ဆက်ဆံရေးကို ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း၊ ထိုင်ဝမ်ဒေသခေါင်းဆောင်အနေဖြင့် မည်သည့် အမည်နှင့် အကြောင်းပြချက်ဖြင့်မဆို အမေရိကန်နိုင်ငံသို့ သွားရောက်သည်ကို ပြတ်ပြတ် သားသား ဆန့်ကျင်ကြောင်း၊ အမေရိကန်အစိုးရနှင့် ထိုင်ဝမ်အကြား မည်သည့်ပုံစံဖြင့်မဆို တရားဝင်ဆက်သွယ်သည်ကို ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း၊ အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏လေးနက်သော အရေးဆိုမှုနှင့် ကြိမ်ဖန်များစွာသတိပေးမှုကို လစ်လျူရှုပြီး Tsai Ing-wen အား အမေရိကန်နိုင်ငံသို့ သွားရောက်လည်ပတ်ရန် စီစဉ်ပေးခြင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် လေးနက်စွာ ကန့်ကွက်ပြီး ပြင်းထန်စွာ အပြစ်တင်ရှုတ်ချကြောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ မော်နင် က ထိုင်ဝမ်ပြဿနာသည် တရုတ်နိုင်ငံ၏ အမြုတေ အကျိုးစီးပွား၏ အမြုတေ ဖြစ်ပြီး တရုတ်-အမေရိကန်ဆက်ဆံရေး နိုင်ငံရေးအခြေခံ အုတ်မြစ် ဖြစ်ကာ တရုတ်-အမေရိကန်ဆက်ဆံရေးတွင် ပထမဆုံး ဖြတ်ကျော်၍မရသော အောက်ခြေအခြေခံ စည်းမျဉ်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ၄င်းအခြေအနေကို ဆက်လက် မျက်ခြေမပြတ် စောင့်ကြည့်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲခြင်းကို ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်မည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။