သြစတေးလျ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကူးကန်များတွင် အဆိပ်ရှိသော ပင့်ကူများ မကြာခဏ တွေ့ရှိ

(GMT+08:00)2023-03-31 15:41:50  

ယခုလ ၂၃ ရက်နေ့မှစ၍ သြစတေးလျနိုင်ငံ နယူး ဆောက်ဝေးလ်ပြည်နယ်နှင့် အခြားနေရာများတွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် အဆိပ်ရှိသော ပင့်ကူမျိုးစုံ ထွက်လာကာ အချို့သည် ဒေသခံများ၏ ရေကူးကန်အနားသို့ရောက်လာကြသလို  ရေကူးကန်ထဲသို့လည်း ရောက်နေကြတာ  တွေ့ရသည်။ အဆိုပါ ပင့်ကူများသည် ရေအောက်တွင် ၂၄ နာရီ ထက်မနည်း ရှင်သန်နိုင်သည်။ အဆိပ်ရှိသော ပင့်ကူများကို တွေ့လျှင် ပိုက်ကွန်နှင့် ဖမ်းနိုင်ကြောင်း၊ မတော်တဆ အကိုက်ခံရလျှင် ဆေးကုသမှုကို ချက်ချင်း ခံယူသင့်ကြောင်း သြစတေးလျ တွားသွားသတ္တဝါ ဥယျာဉ်မှ ကျွမ်းကျင်သူပညာရှင် စန်-ဟာမန်က သတိပေးပြောကြားခဲ့သည်။