ချင်းဟိုင်ပြည်နယ် Mangya၏ “Evil Eye”

(GMT+08:00)2023-03-31 15:38:46  

    အိုက်ခင်စမ်းရေသည် ချင်းဟိုင်ပြည်နယ် ဟိုင်ရှီး မွန်ဂိုးလူမျိုးနှင့်ဇန့်(တိဘက်)လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲ Mangyaမြို့၌ တည်ရှိပါသည်။ မွန်ဂိုးဘာသာဖြင့် “အိုက်ခင်”ဆိုသည်မှာ “ကြောက်လန့်ခြင်း”ဟု အဓိပ္ပါယ်ရပါသည်။ စမ်းရေတွင် ဆာလဖာ များစွာ ပါရှိမှုကြောင့် စမ်းရေအနီးကို တောရိုင်းတိရစ္ဆာန်များ လာရောက်ခြင်းမရှိသလို စမ်းရေ စီးဆင်းရာနေရာတွင်လည်း မြက်ပင်များ မရှိပါ။ ကောင်းကင်ယံကနေကြည့်လျှင် စီးဆင်းနေသည့် စမ်းရေနှင့် ရေပန်းထွက်နေသော အနီးတဝိုက်ရှိ မြေပေါ်တွင် နီညိုရောင်အနည်သည် ထူးခြားသော မျက်စိအသွင်သဏ္ဌာန်ရှိပြီး မျက်လုံးတစ်လုံးနှင့် အသွင်တူသောကြောင့် “Evil Eye”ဟု ခေါ်ဝေါ်လျက်ရှိပါသည်။