ဖိလစ်ပိုင် ကူးတို့သင်္ဘောတစ်စင်း မီးလောင်မှုကြောင့် လူ၁၀ဦးထက်မနည်း သေဆုံး

(GMT+08:00)2023-03-31 15:38:29  

မတ်လ ၂၉ရက်နေ့ညက ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Basilan ပြည်နယ် အနီး ပင်လယ် ပြင်တွင် လူ ၂၀၀ကျော်ကို တင်ဆောင်ထားသည့် “Lady Mary Joy”ဟု ခေါ်သော ဖိလစ်ပိုင် ကူးတို့သင်္ဘောတစ်စင်း မီးလောင်မှုကြောင့် လူ ၁၀ဦးထက်မနည်း ပင်လယ်ထဲသို့ ခုန်ချကာ  သေဆုံးသွားကြောင်းသိရသည်။ လက်ရှိအချိန်ထိ  ခရီးသည် ၁၉၅ဦးနှင့် ရေယာဉ်မှူး ၃၅ဦးတို့ကို ကယ်ဆယ်နိုင်ခဲ့ပြီး ခရီးသည် ၇ဦးသည် ပင်လယ်ထဲသို့ ခုန်ချပြီး ပျောက်ဆုံးနေ ကြောင်း သိရသည်။