“တရုတ်-စပိန် ယဉ်ကျေးမှု ခရီး” လှုပ်ရှားမှု စတင်

(GMT+08:00)2023-03-31 15:40:29  

တရုတ်နှင့် စပိန် အကြား သံတမန် ဆက်ဆံရေး ထားရှိသည့် နှစ်၅၀ပြည့်မြောက်ခြင်းကို ဂုဏ်ပြုသည့် အနေဖြင့် ယခုလ ၃၀ရက်နေ့က China Media Groupနှင့် စပိန် ယဉ်ကျေးမှုနှင့် အားကစား ဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသော “တရုတ်-စပိန် ယဉ်ကျေးမှု ခရီး” လှုပ်ရှားမှုကို တရားဝင် စတင်ခဲ့ပါသည်။ တရုတ် ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုန်၊ စပိန် ယဉ်ကျေးမှုနှင့်အားကစား ဝန်ကြီး Miguel Iceta Llorens၊ စပိန်ဆိုင်ရာ တရုတ် သံအမတ်ကြီး ဝူဟိုင်ထောနှင့် တရုတ် နိုင်ငံဆိုင်ရာ စပိန် သံအမတ်ကြီး Dezcallarတို့သည် အွန်လိုင်းပုံစံဖြင့် ဖွင့်လှစ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။

ရှင့်ဟိုင်ရှုန်က ဗီဒီယို ပုံစံဖြင့် မိန့်ခွန်းပြောကြားရာတွင် တရုတ်-စပိန် ပူးပေါင်းဆောင်ရွက်မှုသည် ရေရှည်တည်ငြိမ်ပြီး ပုံစံမျိုးစုံဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ခေတ်မီရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် တံခါးဖွင့်မှု အတွက် တွန်းအားပေးမှုကို စဉ်ဆက်မပြတ် ပံ့ပိုးနေကြောင်း ပြောကြားပါသည်။