Kunlun လျှိုမြောင်ရှိ apricot ပန်း ဖူးပွင့်နေ ၊ ယဉ်ကျေးမှုနှင့် ခရီးသွား ပေါင်းစပ်မှုကြောင့် ခရီးသည်များအား ဆွဲဆောင်လာ

(GMT+08:00)2023-03-30 13:37:01  

   ရှင်းကျန်း အာခ်တော် ခရိုင်သည် အမျိုးသားကျေးလက်ခရီးသွားလုပ်ငန်းရေးရာ အရေးကြီးသည့်မြို့ဖြစ်သည်။ ရာသီဥတု နွေးလာသည်နှင့်အမျှ apricot ပန်း ဖူးပွင့်နေပြီး၊ လှပသော ရှုခင်းသာနေရာနှင့် တမူထူးခြားသော ပြည်သူလူထု ဓလေ့ထုံးစံကြောင့် ဒေသအရပ်ရပ်မှ ခရီးသည်များအား ဆွဲဆောင်လာပါသည်။

ပြီးခဲ့သည့်နှစ်များက ဒေသခံများသည် အခြေခံအဆောက်အအုံတည်ဆောက်ရေးကို အားဖြည့်ပြုလုပ်ပြီး ကျေးလက်ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးကာ၊ လယ်သမားများနှင့် မွေးမြူ ရေးသမားများအား ဝင်ငွေတိုးစေရန် လမ်းကြောင်း ချဲ့ထွင်ပေးခဲ့သည်ဟု သတင်းအရ သိရပါသည်။