ငလျင်ကယ်ဆယ်ရေးပစ္စည်းများကို တင်ဆောင်ထားသော တရုတ်-ဥရောပ မီးရထား ထျန်ကျင် မြို့မှ တူရကီသို့ ပထမဆုံး အကြိမ် စတင်ခုတ်မောင်း

(GMT+08:00)2023-03-30 14:26:32  

တရုတ်-ဥရောပ မီးရထားသည်  မတ်လ ၂၉ ရက်နေ့တွင် ထျန်ကျင်မြို့မှ တူရကီသို့ ပထမဆုံး အကြိမ် စတင်ခုတ်မောင်းခဲ့ပါသည်။

ထိုနေ့တွင်ပင်၊ China Railway ဘေကျင်းဗျူရို၏ ထျန်ကျင်မြို့မှတူရကီ သို့ ပထမဆုံး အကြိမ်ခုတ်မောင်းသည့် ရထားသည် ထျန်ကျင်ဖွံ့ဖြိုးရေးဇုန် ရှိန့်ထျန် ကုန်စည် စီးဆင်းရေး ကုမ္ပဏီ၏ အထူးလိုင်းမှ ထွက်ခွာခဲ့ပါသည်။ ရထားတွင် ငလျင်ကယ်ဆယ်ရေး ရွက်ဖျင်တဲ ၁၀၀၀၀ ခန့် တင်ဆောင်ကာ အာလာစန်းခို မီးရထား ဘူတာမှတစ်ဆင့် တူရကီ နိုင်ငံ မေရ်စင်မြို့ သို့ ထွက်ခွာမည် ဖြစ်ကြောင်း သိရှိရပါသည်။