“Belt and Road”အဆိုပြုချက်သည် လမ်းကြောင်းတစ်လျှောက်နိုင်ငံများအတွက် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို ဖန်းတီးပေးဟု ပိုအော်အာရှဖိုရမ် တက်ရောက်သူများက ဆို

(GMT+08:00)2023-03-30 14:29:48  

     မတ်လ ၂၈ ရက်နေ့က ကျင်းပခဲ့သော ပိုအော် အာရှဖိုရမ် ၂၀၂၃ခုနှစ် နှစ်ပတ်လည်အစည်းအဝေး “Belt and Road” ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းမျှဝေရေး ဖိုရမ်ခွဲတွင် တက်ရောက်ကြသူများက“Belt and Road” ဖွံ့ဖြိုးတိုးတက်ရေး ဆယ်နှစ်တာ အောင်မြင်မှုများ၊ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးစသည့် အကြောင်းအရာများနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးကြပြီး “Belt and Road” လမ်းကြောင်းတစ်လျှောက်နိုင်ငံများနှင့် ဒေသများ၏ အရည်အချင်း မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန်အတွက် အကြံဥာဏ်ကောင်း ပံ့ပိုးခဲ့ကြပါသည်။

ဥရောပအတိုင်ပင်ခံမဟာမိတ်အဖွဲ့ Ambrosetti ၏ ဒါရိုက်တာ Paolo က “Belt and Road” အဆိုပြုချက်၏ အရေးပါဆုံးသော ပံပိုးမှုထဲမှ တစ်ခုသည် နိုင်ငံအသီးသီးတို့အတွက် သာယာဝပြော ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်းပေးလာခြင်း ဖြစ်ကြောင်း၊“Belt and Road” အဆိုပြုချက်ရှိခြင်းကြောင့် နိုင်ငံများသည် အာရှ၊ တရုတ်နိုင်ငံတို့နှင့် နီးကပ်စွာ ချိတ်ဆက်နေပြီး ဂလိုဘယ်လိုက်ဇေးရှင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးနေကြောင်း ပြောကြားပါသည်။