ရိုးရာ ပိုးကော်ဇော လက်ယက်လုပ်နည်းကို ကာကွယ်ထိန်းသိမ်းပြီး ပြန်လည်ရှင်သန် လာစေ

(GMT+08:00)2023-03-30 14:32:31  

လွန်ခဲ့သည့်နှစ်များတွင် တရုတ်နိုင်ငံ စီချွမ်ပြည်နယ် Langzhong မြို့သည် ပိုးထည် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပိုးထည်ယဉ်ကျေးမှုမြှင့်တင်ရေးတို့ကို ဦးစားပေးလုပ်ဆောင်ခဲ့ ပါသည်။ Langzhong မြို့ဟောင်းရှိ ပိုးထည်စက်ရုံဟောင်းနယ်မြေတွင် ယဉ်ကျေးမှုနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းဇုန်ကို တည်ဆောက်ပြီး ဒြပ်မဲ့ယဉ်ကျေးမှုလက်ဆင့်ကမ်းသင်ယူ လေ့လာရေးစခန်းကို ထူထောင်ကာ ပိုးကော်ဇော လက်ယက်လုပ်နည်းကို ထိရောက်စွာ ကာကွယ်ထိန်းသိမ်းခဲ့ပါသည်။

နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် Langzhong ပိုးကော်ဇော လက်ယက်လုပ်နည်းသည် ၂၀၁၈ခုနှစ် မေလက ပထမအသုတ် နိုင်ငံတော်ရိုးရာလက်မှု ပညာပြန်လည်ရှင်သန်ရေးအမည်စာရင်းတွင် ထည့်သွင်းခံခဲ့ရပါသည်။