ကမ္ဘာသည် ခုခံယှဉ်ပြိုင်မှုကို ဖန်တီးသော “ဒီမိုကရေစီ ထိပ်သီးအစည်းအဝေး”ဆိုသည်ကို မလိုအပ်

(GMT+08:00)2023-03-30 13:28:05  

ယခုလ ၂၉ရက်နေ့မှ ၃၀ရက်နေ့အထိ အမေရိကန်၏ ဦးစီးမှုဖြင့် ဒုတိယ အကြိမ် “ခေါင်းဆောင်များ ဒီမိုကရေစီ ထိပ်သီးအစည်းအဝေး”ကို ကျင်းပပါသည်။ “ဒီမိုကရေစီ ထိပ်သီးအစည်းအဝေး”ဆိုသည်မှာ “ဒီမိုကရေစီ”၏ အမည်ဖြင့် အုပ်စုနိုင်ငံရေးကို ဆောင်ရွက်ပြီး အုပ်စုများအကြား ရန်ဘက်ပြုမှုကို လှုံ့ဆော်ကာ မတည်မငြိမ်ဖြစ်မှုသစ်များကို ဖန်တီးရန် ရည်ရွယ်ပါသည်။ ၄င်းအစည်းအဝေး ကျင်းပခြင်းသည် ဒီမိုကရေစီ စိတ်ဓာတ်အပေါ် ဖိနှိပ်မှုပင်ဖြစ်၍ ကမ္ဘာသည် ယင်းသို့သော အစည်း အဝေးကို မလိုအပ်ပါ။

ပါကစ္စတန် ပညာရှင် တစ်ဦးက ယခုအကြိမ်  “ဒီမိုကရေစီ ထိပ်သီးအစည်းအဝေး”သည် ကမ္ဘာ့ကို စည်းလုံးညီညွတ်စေရန် ရည်ရွယ်ချက်မထားရှိဘဲ ကမ္ဘာ့ကို သွေးကွဲစေရန် ရည်ရွယ်ထားကြောင်း ဝေဖန်ပြောဆိုပါသည်။ ယခုအကြိမ် “ဒီမိုကရေစီ ထိပ်သီးအစည်းအဝေး”၏ အတွင်းသရုပ်မှာ အမေရိကန် ပုံစံ စံချိန်စံညွှန်းဖြင့် “ဒီမိုကရေစီ အုပ်စု”နှင့် “ဒီမိုကရေစီ မဟုတ်သော အုပ်စု”ကို ခွဲခြား သတ်မှတ်ရန်၊ “ဒီမိုကရေစီ”၏ အမည်ဖြင့် အမေရိကန်၏ ဗိုလ်ကျ စိုးမိုးမှုကို ထိန်းသိမ်းကာကွယ်ရန်နှင့် ကိုယ့်ဘက်သား မဟုတ်သူများကို ဖိနှိပ်ရန် ဖြစ်ကြောင်း စောစောပိုင်းကတည်းက လူအများသည် ရှင်းရှင်းလင်းလင်း သိမြင်ပါသည်။

    လက်တင်အမေရိကတွင် "မွန်ရိုးအယူဝါဒသစ်"ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းခြင်း၊ ဥရောပနှင့် အာရှတွင် "ရောင်စုံတော်လှန်ရေး"ကို သွေးထိုးလှုံ့ဆော်ခြင်း၊ အနောက် အာရှနှင့် မြောက်အာဖရိကတွင် "Arab Spring" ဟုခေါ်သော ဖြစ်ရပ်ကို စိုင်းပြင်းလှုံ့ဆော်ခြင်း စသည်များဖြင့် လွန်ခဲ့သည့်နှစ်များတွင် အမေရိကန်ပုံစံဒီမိုကရေစီသည် ကမ္ဘာအတွက် မတည် မငြိမ်ဖြစ်မှုများနှင့် လူ့အခွင့်အရေး ကပ်ဘေးများကို ဆက်တိုက် ဆောင်ကြဉ်းလာခဲ့ပါသည်။ သက်ဆိုင်ရာလေ့လာရေးဌာနမှထုတ်ပြန်သော အစီရင်ခံစာအရ တစ်ကမ္ဘာလုံးတွင် စစ်တမ်း လက်ခံဖြေကြားသူ ၄၃ရာခိုင်နှုန်းက မိမိနိုင်ငံ၏ ဒီမိုကရေစီသည် အမေရိကန်မှ ခြိမ်းခြောက်မှုကို ခံနေရကြောင်း ယူဆကြသည်ဟု သိရပါသည်။

ဒီမိုကရေစီသည် လူသား တစ်ရပ်လုံး၏ ဘုံတန်ဖိုးအမြင် ဖြစ်၍ အမေရိကန်သည် ဒီမိုကရေစီ၏ အဓိပ္ပာယ် သတ်မှတ်ဖြော်ပခွင့်နှင့် ဆုံးဖြတ်ချက်ပေးနိုင်ခွင့်ကို ထိန်းချုပ်ပိုင်ခွင့် မရှိပါ။ လက်ရှိ ကမ္ဘာတွင် မတည်မငြိမ် ဖြစ်နေပြီး ပထဝီဝင် နိုင်ငံရေးအန္တရာယ် တိုးလာခြင်း၊ စီးပွားရေး နာလန်ပြန်ထူရန် ခက် ခဲခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး ကွာဟမှု စဉ်ဆက်မပြတ် တိုးလာခြင်း၊ သဘာဝ ပတ်ဝန်းကျင် ဆက်တိုက် ဆိုးရွားလာခြင်း စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါသည်။ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရေးအတွက် လူသားတို့သည် ခုခံယှဉ်ပြိုင်မှု လှုံ့ဆော်သော “ဒီမိုကရေစီ ထိပ်သီးအစည်း အဝေး”ကို မလိုအပ်ဘဲ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုရှိသော ညီလာခံကိုသာ လိုအပ် ပါသည်။