တရုတ် ချင်မင်းဆက်နဲ့ဟန့်မင်းဆက်ခေတ် ယဉ်ကျေးမှုအမွေအနှစ်ပြပွဲကို စပိန်နိုင်ငံ အာလီကန်ထ် မှာ ဖွင့်လှစ်

(GMT+08:00)2023-03-30 14:44:39  

တရုတ် ချင်မင်းဆက်နဲ့ဟန့်မင်းဆက်ခေတ်ယဉ်ကျေးမှုအမွေအနှစ်ပြပွဲကို စပိန်နိုင်ငံ အာလီကန်ထ်မြို့ ရှေးဟောင်းသုတေသနပြတိုက်တွင် မတ်လ ၂၈ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။ ယခုအကြိမ်ပြပွဲကို တရုတ်နိုင်ငံ ရှမ်ရှီးပြည်နယ်ရှေးဟောင်းယဉ်ကျေးမှုဌာနက ဦးစီးပြီး ရှမ်ရှီးသမိုင်းပြတိုက်မှ လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။ ယင်းသည် တရုတ်-စပိန် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးနှစ် လှုပ်ရှားမှုအစီအစဉ်များ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။