တစ်နှစ်လုံး ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ယုံကြည်မှုနှင့် စွမ်းရည်ရှိသည်ဟု တရုတ်ဝန်ကြီးချုပ်ဆို

(GMT+08:00)2023-03-30 14:25:21  

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် ယခုလ ၂၉ ရက်နေ့က ဟိုင်နန်ပြည်နယ် ပိုအော်မြို့ တွင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ဒါရိုက်တာချုပ် Georgieva နှင့် တွေ့ဆုံစဉ် တရုတ်နိုင်ငံသည် တစ်နှစ်လုံး၏ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို အကောင်အထည် ဖော်ရန် ယုံကြည်မှုနှင့်စွမ်းဆောင်ရည်ရှိသည်ဟု ပြောကြားခဲ့သည်။

လီချန်က နိုင်ငံတကာအသိုက်အဝန်းသည် နိုင်ငံစုံဝါဒကို လိုက်နာပြီး ကမ္ဘာ့စက်မှု လုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေး ကွင်းဆက်များ၏ လုံခြုံ တည်ငြိမ်မှုနှင့် ချောမွေ့မှုကို ထိန်းသိမ်းထားရန် လိုအပ်ကြောင်း ၊ တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးကို ပိုမိုတရားမျှတပြီး ကျိုးကြောင်းဆီလျော်သော ဦးတည်ချက်ဖြင့် ဖွံ့ဖြိုးတိုးတက် လာစေရန် အတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားပါသည်။

Georgieva က ယခုနှစ် ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုသည် သုံးပုံတစ်ပုံ ကျော်လွန်ရန် မျှော်လင့်ထားကြောင်း၊တရုတ်နိုင်ငံသည် နိုင်ငံစုံဝါဒကို စွဲကိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ကြွေးမြီအကျပ်အတည်းများကို တားဆီးရန် အရေးကြီးသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ခြင်းကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့မှ ကျေးဇူးတင်ရှိပြီး တရုတ်နိုင်ငံနှင့် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။