တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၈၀ နီးပါးကို ကိုယ်စားပြုပြီး နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက် ရေး အားကောင်းစေရန်နှင့် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရန် ပန်ကြား

(GMT+08:00)2023-03-30 14:45:20  

ဂျီနီဗာရှိ ကုလသမဂ္ဂရုံးနှင့် ဆွစ်ဇာလန်နိုင်ငံရှိ အခြားနိုင်ငံတကာအဖွဲ့အစည်းများ၏ အမြဲတမ်းကိုယ်စားလှယ် ချန်ရွှိသည် မတ်လ ၂၉ရက်နေ့က ကျင်းပသော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၂ ကြိမ်မြောက် အစည်းအဝေးတွင်  ဘရာဇီးနှင့် တောင် အာဖရိကနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၈၀ နီးပါးကို ကိုယ်စားပြုပြီး “ဗီယင်နာ ကြေညာ စာတမ်းနှင့် လက်တွေ့လုပ်ဆောင်မှုအစီအစဉ်”ကို အတည်ပြုခြင်း နှစ် ၃၀ ပြည့် ဖြစ်သည့်အတွက် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အားကောင်းစေရန်၊ အဆိုပါ ကြေညာစာတမ်း၏ စိတ်ဓာတ်ကို ပြန်လည် အသက် သွင်းရန်နှင့် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးကို တွန်းအားပေးရန် ပန်ကြားခဲ့ပါသည်။

ယင်းပူးတွဲ ကြေညာချက်တွင် လွန်ခဲ့သည့် နှစ် ၃၀ အတွင်း နိုင်ငံတကာသည် အဆိုပါ ကြေညာစာတမ်း၏ စိတ်ဓာတ်ဖြင့် လှုံ့ဆော်မှုကြောင့် လူ့အခွင့်အရေးကို ထိထိ ရောက် ရောက် မြှင့်တင်ရေးနှင့် ကာကွယ်ရေးအတွက် နည်းလမ်းများကို စဉ်ဆက် မပြတ် ရှာဖွေ ခဲ့ကြကြောင်း၊ တစ်ချိန်တည်းတွင်ပင် နိုင်ငံတကာသည် ခွဲခြား ဆက်ဆံမှု ၊ မညီမျှမှုများ မြင့်တက်လာခြင်းနှင့် နိုင်ငံရေးကွဲပြားမှုစသည့် စိန်ခေါ် မှုများကို ရင်ဆိုင်နေဆဲဖြစ်ပြီး အဆိုပါ ကြေညာစာတမ်းကို အပြည့်အဝ ထိရောက်စွာ အကောင်အထည်ဖော်ရေးနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကို ပြင်းပြင်းထန်ထန် ဟန့်တားလျက်ရှိကြောင်း ဖော်ပြခဲ့ပါသည်။