ရှင်းကျန်းရှိ “သက်ကြီးရွယ်အိုသင်တန်းများ”တွင် သက်ကြီးရွယ်အိုများ သင်ယူခွင့်ကို ဖန်တီးပေး

(GMT+08:00)2023-03-30 14:27:32  

      မကြာခင်ရက်များက ရှင်းကျန်း သက်ကြီးရွယ်အိုများ တံခါးဖွင့် တက္ကသိုလ်သည် သက်ကြီးရွယ်အိုများ၏ စိတ်ပိုင်းဆိုင်ရာ နေထိုင်မှုဘဝ အဆင့်မြှင့်တင်ရန်အတွက် သင်တန်း မျိုးစုံ ဖွင့်လှစ်ပြီး သက်ကြီးရွယ်အိုများစွာကို ဆွဲဆောင်ခဲ့သည်။ ယင်းတက္ကသိုလ်တွင် ပညာသင်ပေးရန် အထောက်အကူပစ္စည်း အပြည့် အစုံရှိပြီး လက်ရေး၊ ပန်းချီ၊ အက၊ ယောဂ၊ သံပြိုင်၊ အကော်ဒီယံ စသည့် အထူး  စာသင်ခန်း ၂၀ ကျော်ရှိပြီး ဂီတနှင့်အက၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လက်ရေး ပန်းချီနှင့် ဓာတ်ပုံပညာ၊ယဉ်ကျေးမှုနှင့် အနုပညာ၊ ဂီတတူရိယာနှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များစသည့် ဌာန ၆ ခု ခွဲပြီး သင်တန်း ၃၀ ဖွင့်လှစ်ထား ကြောင်း သိရသည်။