ကွမ်ကျိုး Huadu တွင် Didi မောင်းသူမဲ့အငှားကားများ၏ စီးပွားဖြစ်သရုပ်ပြလုပ်ငန်း စတင်

(GMT+08:00)2023-03-29 15:45:09  

မတ်လ ၂၇ရက်နေ့က တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကွမ်ကျိုးမြို့ Huadu ရပ်ကွက်တွင် သက်ဆိုင်ရာလိုင်စင်ရရှိခဲ့သော ပထမအသုတ် Didi မောင်းသူမဲ့အငှားကား များ၏ စီးပွားဖြစ်သရုပ်ပြလုပ်ငန်းကို စတင်ခဲ့ပါသည်။ ကွမ်ကျိုးမြို့သူမြို့သားများသည် Didi မောင်းသူမဲ့အငှားကား APP မှတစ်ဆင့် ကားကို ခေါ်ယူပြီး မောင်းသူမဲ့ အငှားကား ဝန်ဆောင်မှုကို ခံစားနိုင်ကာ အမှန်တကယ်ခရီးမိုင်နှင့် အသုံးပြုချိန်အလိုက် ပိုက်ဆံရှင်းရပါသည်။