လျှောက်လည်ရင်း ပျော်နေကြသည့် နန်ကင်းရေအောက်ကမ္ဘာမှ Spheniscus humboldti ပင်ဂွင်းများ

(GMT+08:00)2023-03-29 15:46:08  

မတ်လ ၂၈ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခြင်းနှင့် အပူချိန်နှင့် ပတ်ဝန်းကျင် စောင့်ကြည့်ခြင်းပြီးသည့်နောက်  နန်ကင်းရေအောက်ကမ္ဘာမှ မွေးမြူထားသော သမပိုင်းဇုန်က Spheniscus humboldti ပင်ဂွင်းနှစ်ကောင်သည် မွေးမြူသူများ၏ ဦးဆောင်မှုဖြင့် ချယ်ရီပန်းများကို ကြည့်ရှုခြင်း၊ နေပူပူတွင် ဆော့ကစားခြင်းနှင့် အပြင်ဘက်တွင် ပျော်ပျော်ရွှင်ရွှင် လျှောက်လည်ကြသည်။ သမပိုင်းဇုန်ရှိ Spheniscus humboldti ပင်ဂွင်းများအတွက် သင့်လျော်သောနေထိုင်မှုအပူချိန်သည် 18°C နှင့် 25°C အကြားဖြစ်သည်။ နွေဦးရာသီရောက်တိုင်း နွေဦးရာသီကို ခံစားရန် မွေးမြူသူများနှင့်အတူ အပြင်ထွက်တတ်ပါသည်။