ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဥရောပသမဂ္ဂ၏ အနံ့ဆိုးသတင်းကို ဖွင့်ချ၊ ရွှေ့ပြောင်းနေထိုင်သူများ၏ လူ့အခွင့်အရေးကျူးကျော်ရန် လစ်ဗျားလက်နက်ကိုင်အဖွဲ့များ အား ကူညီလှုံ့ဆော်ခြင်း

(GMT+08:00)2023-03-29 15:42:32  

   ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ အဖြစ်မှန်ရေးရာ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စုံစမ်းစစ်ဆေးမှုအရ ဥရောပသမဂ္ဂသည် လစ်ဗျားမှ ဥရောပသို့ ရွှေ့ပြောင်းနေထိုင်ရန် ဝင်ရောက်ဖို့ ကြံစည်သော မြောက်အာဖရိကသားများအား "ချုပ်နှောင်ခြင်း၊ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် ကျွန်ပြုခြင်း" စသည့် လူ့အခွင့်အရေး ကျူးကျော်မှုလုပ်ရပ်များပြုလုပ်ရန် လစ်ဗျားလက်နက်ကိုင်အဖွဲ့အား အမြဲတမ်းကူညီ လှုံ့ဆော်သည်ဟု တွေ့ရှိခဲ့ရကြောင်း ဒေသစံတော်ချိန် ယခုလ ၂၇ ရက်နေ့က ဗြိတိန် Daily Telegraph က ဖော်ပြခဲ့သည်ဟု သတင်းအရသိရပါသည်။