တေဂူစီဂယ်လ်ပါဆိုင်ရာ CMGသတင်းထောက်ဌာန ဆိုင်းဘုတ်တင်ပွဲ ကျင်းပ

(GMT+08:00)2023-03-29 16:08:05  

တရုတ်နှင့် ဟွန်ဒူရပ်စ်နှစ်နိုင်ငံ အစိုးရ လုပ်ငန်းဌာနတို့ အတူတကွ ခွင့်ပြုထားသော ပထမဆုံး ဟွန်ဒူရပ်စ်ဆိုင်ရာ တရုတ် မီဒီယာ ဌာန ဖြစ်သည့်  တေဂူစီဂယ်လ်ပါဆိုင်ရာ China Media Group သတင်းထောက်ဌာန၏ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ဒေသ စံတော်ချိန် ယခုလ ၂၈ရက်နေ့က ဟွန်ဒူရပ်စ် နိုင်ငံ သမ္မတရုံးတွင် ကျင်းပခဲ့ပါသည်။ ယင်းသည် ပင်လယ်ရပ်ခြားတွင် China Media Groupမှ ထားရှိသည့် ၁၉၁ခုမြောက် သတင်းထောက်ဌာနလည်း ဖြစ်ပါသည်။