ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများကို Belt and Road မျှဝေခံစား

(GMT+08:00)2023-03-29 15:41:23  

ပိုအော်အာရှဖိုရမ် ၂၀၂၃ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကို မတ်လ ၂၈ရက်နေ့မှ ၃၁ရက်နေ့အထိ တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ပိုအော်မြို့တွင် ကျင်းပမည် ဖြစ်ပါသည်။ ယခုနှစ် ကျင်းပသော “Belt and Road - ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို အတူမျှဝေခံစားရေး ဖိုရမ်ခွဲ”သို့ တက်ရောက်သော ဧည့်သည်တော်များသည် Belt and Road အဆိုပြုချက်မှ အခွင့်အလမ်းများကို အတူမျှဝေခံစားရေး၊ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးဘက်များတွင် ပါဝင်သောအခန်းကဏ္ဍများကို တန်ဖိုးထားချီးကျူးခဲ့ကြ ပါသည်။

ကာဇာတ်စတန်နိုင်ငံသည် Belt and Road အဆိုပြုချက်ကို အစပြုသည့်နေရာ ဖြစ်ပါသည်။ ကာဇာတ်စတန် Astana နိုင်ငံတကာငွေရေးကြေးရေးစင်တာမှ ဒါရိုက်တာချုပ် Renat Bekturov က Belt and Road အဆိုပြုချက်မှာ အမျှော်အမြင်ရှိပြီး ကာဇာတ်စတန်နိုင်ငံအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုရှိကြောင်း ပြောကြား ခဲ့ပါသည်။

မွန်ဂိုလီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Chimed Khürelbaatar က Belt and Road အဆိုပြုချက်မှာ အတူဖွံ့ဖြိုးတိုးတက်ပြီး စည်ပင်သာယာသောလမ်းကြောင်း ဖြစ်ကြောင်း၊ ၁၀နှစ်အတွင်းတွင် မွန်ဂိုလီးယား နိုင်ငံ သည် Belt and Road အဆိုပြုချက်မှ အကျိုးများစွာ ခံစားရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။