၂၀၂၂ခုနှစ် ကန်မှ လူ့အခွင့်အရေး ကျူးကျော်ထိပါးမှုအစီရင်ခံစာကို တရုတ်နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံးမှ ထုတ်ပြန်

(GMT+08:00)2023-03-28 15:56:11  

တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် မတ်လ ၂၈ရက်နေ့တွင် ၂၀၂၂ခုနှစ် အမေရိကန်နိုင်ငံမှ လူ့အခွင့်အရေး ကျူးကျော်ထိပါးမှု အစီရင်ခံစာကို ထုတ်ပြန်ပြီး အမေရိကန်နိုင်ငံ၏ လူ့အခွင့်အရေး ကျူးကျော်ထိပါးမှု အဖြစ်မှန်ကို ဖော်ထုတ်ပါသည်။

၂၀၂၂ခုနှစ်သည် အမေရိကန်နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ သိသိသာသာ ကျဆင်းသောနှစ်တစ်နှစ် ဖြစ်ကြောင်း၊ လူ့အခွင့်အရေး ကာကွယ်ထိန်းသိမ်းသူဟု ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင် ပြောဆိုနေသည့် အမေရိကန်နိုင်ငံတွင် ငွေကြေး နိုင်ငံရေး၊ လူမျိုးရေး အထင်သေးခွဲခြားမှု၊ သေနတ်ပြန့်ပွားမှု၊ ရဲအကြမ်းဖက်မှု၊ ချမ်းသာဆင်းရဲ ကွာဟမှုစသည်တို့ကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲ နေသေးကြောင်း၊ လူ့အခွင့်အရေး ဥပဒေပြုရေးနှင့် တရားစီရင်ရေးမှာ များစွာ နောက်ပြန်ဆုတ် ကျဆင်းခဲ့ကြောင်း၊ အမေရိကန်ပြည်သူများ၏ အခြေခံအခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို တစ်ဆင့်တက် ထိခိုက်စေခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။