ဘရာဇီးနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်တန်းတစ်ခု ပြိုကျခဲ့ပြီး "တွင်းကြီး" ဖြစ်လာ

(GMT+08:00)2023-03-28 15:46:45  

မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် မတ်လ ၂၇ရက်နေ့တွင် ဘရာဇီးနိုင်ငံ Buriticupu မြို့ရှိ တောင်တန်းတစ်ခု ပြိုကျခဲ့ကာ မီတာ ၅၀၀ ခန့်ရှည်လျားပြီး မီတာ ၇၀ ခန့် နက်သော "တွင်းကြီး"တစ်ခု  ဖြစ်လာခဲ့ပါသည်။

လွန်ခဲ့သည့် နှစ်များအတွင်း ယင်းဒေသတွင် ထိုသို့သော အခြေအနေများ မကြာခဏ ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၅၀ ကျော်သည် မြေပြိုကျမှုနဲ့အတူ မြုပ်ခဲ့ရကြောင်း မီးသတ်ဌာနက ပြောကြားခဲ့ပါသည်။