ဟိုနန်ပြည်နယ် ရှောင်းချိုးတွင် စွန့်နိုင်ငံရှေးဟောင်းမြို့ကို ရှေးဟောင်းသုတေသန ပြုလုပ်ရာတွင် ထန်မင်းဆက်ခေတ်က သင်္ချိုင်းမှတ်တမ်းကို ရှာဖွေတွေ့ရှိ

(GMT+08:00)2023-03-28 15:51:44  

    ယခုရက်များတွင် ဟိုနန်ပြည်နယ် ရှောင်းချိုးမြို့၌ စွန့်နိုင်ငံ ရှေးဟောင်းမြို့ ယဉ်ကျေးမှု အမွေအနှစ် သုတေသနပြုလုပ်ရာတွင် တိုးတက်မှုရရှိခဲ့ပြီး ထန်မင်းဆက် ခေတ်က သင်္ချိုင်းဂူ ၆ခုကို အသစ်ရှာဖွေတွေ့ရှိခဲ့ပါသည်။ ၎င်းအနက် သင်္ချိုင်းဂူ ၁ခုထဲတွင် တွေ့ရှိခဲ့သော သင်္ချိုင်းမှတ်တမ်းပေါ်၌ သင်္ချိုင်းရှင်၏ ကိုယ်ရေး အချက်အလက်၊ မွေးဖွားသည့်နေရာ နှင့် ကွယ်လွန်သွားခဲ့သည့်ခေတ် စသည်များကို မှတ်ထားပါသည်။