China Media Groupမှ CGTNသည် တရုတ်ဒီမိုကရေစီစနစ်ကို မိတ်ဆက်ပေးရန် ကမ္ဘာအား ဗီဒီယိုများကို တင်ဆက်ပေး

(GMT+08:00)2023-03-28 15:52:18  

မတ်လ ၂၂ရက်နေ့နှင့် ၂၃ရက်နေ့များတွင် China Media Groupမှ CGTNသည် “ပြည်သူများ၏ဒီမိုကရေစီ” နှင့် “ဒီမိုကရေစီက လူသားတစ်ရပ်လုံး၏ ဘုံတူတန်ဖိုးဖြစ်” ဟူသော ဗီဒီယိုကားများကို တင်ဆက်ပေးခဲ့ပြီး နိုင်ငံတကာပရိသတ်များအတွက် တရုတ်နိုင်ငံ၏ ဖြစ်စဉ် တစ်ရပ်လုံး ပြည်သူ့ဒီမိုကရေစီ၏ အဓိပ္ပာယ်၊ ထူးခြားချက် နှင့် လူသား တစ်ရပ်လုံး၏ ဘုံတူတန်ဖိုး ဖြစ်သည့် ဒီမိုကရေစီ၏ အရေးကြီးအဓိပ္ပာယ်ကို ဘက်စုံ ရှင်းလင်း ဖော်ပြခဲ့ပါသည်။

အဆိုပါ ဗီဒီယိုကားနှစ်ခုကို တင်ဆက်ပေးခဲ့ပြီးနောက် တရုတ်ပြည်တွင်းပြည်ပ ပရိသတ်များ တက်ကြွသော ဆွေးနွေးမှုကို ဖြစ်စေခဲ့ပါသည်။ ထုတ်ပြန်ခဲ့သည့် ၇၂နာရီ အတွင်း တစ်ကမ္ဘာလုံး ဖတ်ရှုမှုပမာဏ ၁၇သန်းကျော်ရှိပြီး ဗီဒီယိုကြည့်ရှုမှုပမာဏ ၁သန်း ၅သိန်း ၃သောင်း ၅ထောင်ရှိပါသည်။