လီချန်သည် ပိုအော် အာရှဖိုရမ် ၂၀၂၃ နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2023-03-28 15:44:11  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူမော်နင်ကတရုတ်နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီချန် သည် မတ်လ ၃၀ ရက်နေ့တွင် ဟိုင်နန်မှာ ကျင်းပမည့် ပိုအော် အာရှဖိုရမ် ၂၀၂၃ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း၊ ဖိတ်ကြားချက်အရ  စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း၊ မလေးရှား ဝန်ကြီးချုပ် အန်ဝါ၊ စပိန် ဝန်ကြီးချုပ် ဆန်းချက်ဇ်၊ ကုတ်ဒီဗွာဝန်ကြီးချုပ် အာရှ် နှင့် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ ဒါရိုက်တာချုပ် ဂျော်ဂျီဗာတို့သည်လည်း  နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။