ဟွန်ဒူးရပ်စ် နိုင်ငံ တယ်ဂူစီဂါလ်ပါမြို့တော်၏ အလှများ

(GMT+08:00)2023-03-28 15:49:32  

စပိန်လို "နက်နဲသည်" ဟု အဓိပ္ပာယ်ရသော ဟွန်ဒူးရပ်စ်သည် ၎င်း၏ နယ်မြေရဲ့ ၄ ပုံ ၃ ပုံကျော်ကို တောင်များ၊ကုန်းပြင်မြင့်များဖြင့် ဖုံးလွှမ်းထားပြီး  ဗဟိုအမေရိကတွင် တောင်အများဆုံးရှိသည့် နိုင်ငံ  တစ်နိုင်ငံဖြစ်ပါသည်။ ၎င်း၏ သဘာဝပတ်ဝန်းကျင်သည် မျိုးစုံရှိပြီး ဇီဝမျိုးစုံမျိုးကွဲများ အလွန်ပေါကြွယ်လှသောကြောင့် "Elf Forest" ၏ ဂုဏ်သတင်းရရှိထားပြီး ကမ္ဘာတစ်ဝန်းရှိ ခရီးသွားဝါသနာရှင်များ၏ သဘောကျ နှစ်သက်မှုကို ရရှိထားပါသည်။