ပင်လယ်ကို အမှီပြုပြီး "ရွှေတုံး"ကို ဖမ်းယူ

(GMT+08:00)2023-03-28 15:43:24  

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်၊ ဖြင်ဟူမြို့ တူစန်းကန်မြို့နယ်ရှိ လျန်ရှီဆိပ်ကမ်းတွင် နှစ်စဉ် ဇန်နဝါရီလမှ ဧပြီလအထိ ငါးဖမ်းသူအများအပြားသည် ဤနေရာမှ ပင်လယ်ပြင်သို့ ထွက်ကြပြီး ကမ်းရိုးတန်းကနေ ၃ ကီလိုမီတာ မှ ၈ ကီလိုမီတာ အကွာ ပင်လယ်ပြင်၌ ပြေးဆွဲပြီး ပင်လယ်ပေါ်က ရွှေပျော့ဟု အခေါ်အဝေါ်ရှိသော ငါးရှဥ့်ငယ်လေးများကို ဖမ်းယူကြသည်။ ငါးရှဥ့်ငယ်လေးများသည် သဘာဝကို တုပ ပြီး မျိုး မပွား နိုင်သောကြောင့် ငါးရှဥ့်ငယ်လေးများသည် ရေလုပ်ငန်းတွင် အမြဲတမ်း "ရွှေတုံး" ဖြစ်ခဲ့သည်။ တစ်နှစ်တွင် ၃ လ အလုပ်လုပ်ရင် ယွမ် ၁သိန်း၈သောင်းရနိုင်သည်။