ပိုအော် အာရှ ဖိုရမ်သည် အာဆီယံ နိုင်ငံများ အတွက် အခွင့်ကောင်းများကို ပံပိုးပေးသည်ဟု အာဆီယံ ဆိုင်ရာ တရုတ် သံအမတ်ကြီးဆို

(GMT+08:00)2023-03-28 15:50:47  

China Media Group သတင်းထောက်၏ အင်တာဗျူးကို ဖြေကြားရာတွင် အာဆီယံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ဟိုယန့်ချီက ယခုအကြိမ် ပိုအော် အာရှ ဖိုရမ် နှစ်ပတ်လည် အစည်းအဝေး  ကျင်းပခြင်းသည် အချိန်သင့်တော်ကြောင်း၊ “မရေမရာဖြစ်နေသော ကမ္ဘာ- စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် စိန်ခေါ်မှုကို ရင်ဆိုင်ပြီး တံခါးဖွင့်မှုနှင့် ဘက်ပေါင်းစုံ ပါဝင်စေခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်ရန်” ဟူသော အစည်းအဝေး၏ ခေါင်းစဉ်သည် လက်ရှိ အခြေအနေနှင့် နိုင်ငံ အသီးသီးတို့၏ တောင်းဆိုချက်များနှင့် ကိုက်ညီပြီး အာဆီယံ နိုင်ငံများ အတွက် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်ကောင်းများနှင့် နည်းလမ်းသစ်များကို ပံပိုးပေးကြောင်း ပြောကြားပါသည်။

ထို့အပြင်၊ ၄င်းက တရုတ်ပုံစံ ခေတ်မီရေး ကြံဆချက်သည် အရှေ့တောင် အာရှ နိုင်ငံများ အတွက် ကြီးမားသော ဆွဲဆောင်မှု ရှိကြောင်း၊ အရှေ့တောင် အာရှ နိုင်ငံများသည် တရုတ် ပုံစံကို သင်ယူ လေ့လာပြီး တရုတ်ပြည်၏ အတွေ့အကြုံများကို အတုယူကာ ၄င်းတို့နိုင်ငံများ၏ ဝိသေသ ထူးခြားချက်များနှင့် ကိုက်ညီသော ခေတ်မီရေး လမ်းကြောင်းများကို စူးစမ်းရှာဖွေရန် မျှော်လင့်ကြကြောင်း ပြောကြားပါသည်။