ချင်ကန်သည် Kao Kim Hourn နှင့် တွေ့ဆုံ

(GMT+08:00)2023-03-28 15:52:56  

မတ်လ ၂၇ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန် သည် အာဆီယံအတွင်းရေးမှူးချုပ် Kao Kim Hourn နှင့် ဘေးကျင်းမြို့တွင် တွေ့ဆုံခဲ့ ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ချင်ကန် က ယခုနှစ်သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် မှ ပိုမိုရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရန် တင်ပြ သည့် ၁၀နှစ်ပြည့်မြောက်နှစ် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်သော လမ်းကြောင်းအတိုင်း ချီတက်နေပြီး အိမ်နီးချင်း ကောင်းစံနမူနာကို ထူထောင်ခဲ့ကြကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၀နိုင်ငံမှ “တစ်ကမ္ဘာလုံးဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက် မိတ်ဆွေအဖွဲ့”တွင် ပါဝင်ပြီး Belt and Road အဆိုပြုချက်နှင့် အာဆီယံ၊ အင်ဒို-ပစိဖိတ်(Indo-Pacific)မျှော်မှန်းချက် ဦးစားပေးနယ်ပယ်များတွင် အပြန်အလှန်အကျိုးရရှိစေသော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ဆန္ဒရှိခြင်းကို တရုတ်နိုင်ငံအနေဖြင့် ချီးကျူးကြောင်း ပြောကြားခဲ့ပါသည်။

Kao Kim Hourn က တရုတ်နိုင်ငံသည် အာဆီယံအဖွဲ့၏ မိတ်ဖက်ကောင်း ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့အနေဖြင့်တရုတ်နိုင်ငံနှင့်အကြား လွတ်လပ်သော ကုန်သွယ်ရေး ဇုန်ဗားရှင်3း.0နှင့် ပတ်သက်သော ဆွေးနွေးပွဲကို အလျင်အမြန်ကျင်းပရန်၊ တောင်ပင်လယ် စီမံခန့်ခွဲမှု အခြေခံမူများနှင့် ပတ်သက်သော ညှိနှိုင်းဆွေးနွေးမှုကို အရှိန်မြှင့်ကျင်းပရန်၊ ဒေသတွင်းလုံခြုံတည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းပြီး ဒေသတွင်း အတူစည်ပင် သာယာရေးကို တွန်းအားပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။