အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် လုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်းကြောင်း ကျွမ်းကျင်မှု ပြိုင်ပွဲကို ထိုင်ယွမ်မြို့တွင် ကျင်းပ

(GMT+08:00)2023-03-27 15:07:29  

       မတ်လ ၂၅ရက်နေ့က ရှန်းရှီးပြည်နယ် ထိုင်ယွမ်မြို့တွင် "ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ခြင်းနှင့် လက်မှုပညာသည် စိတ်ဓါတ်ကို ထွန်းကားပြန့်ပွားစေခြင်း" ခေါင်းစဉ်ဖြင့် အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်လုပ်ငန်း အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုပြိုင်ပွဲကို ကျင်းပခဲ့သည်။ နိုင်ငံတစ်ဝှမ်းမှ လက်ရွေးစင်၂၀၀ကျော်သည် ယဉ်ကျေးမှုအမွေအနှစ်များ မွမ်းမံခြင်းနှင့် ရှေးဟောင်းသုတေသနဆိုင်ရာ ရှာဖွေတူးဖော်ခြင်း နည်းပညာ ပြိုင်ပွဲများသို့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။