ကော့စတာရီကာ ပန်းရောင်နာနတ်သီး အမျိုးအစားသစ်သည် နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်

(GMT+08:00)2023-03-27 15:13:41  

ကော့စတာရီကာနိုင်ငံသည် နာနတ်စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းပြီး ကမ္ဘာပေါ်ရှိ အခြားပြည်ပနိုင်ငံများသို့ နာနတ်သီး ထုတ်လုပ်တင်ပို့ရောင်းချသည့် အဓိက နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါ သည်။ ယခုနှစ်များတွင် ကော့စတာရီကာသည် ရှားပါးသော ပန်းရောင် နာနတ်သီး တစ်မျိုးကို စတင်စိုက်ပျိုးပြီး နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချလာခဲ့ပါသည်။ သာမန်နာနတ်သီးနှင့် နှိုင်းယှဉ်ကြည့်လျှင် ပန်းရောင် နာနတ် သီးသည် အရသာ ပိုကောင်းပြီး အရည်ပိုများသည်ဟု သိရပါသည်။

အမေရိကန်၌ ၎င်း၏အမြင့်ဆုံးဈေးနှုန်းသည် တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၄၀ခန့် ရှိပြီး စပိန်၌ ၎င်း၏ဈေးနှုန်းမှာ တစ်လုံးလျှင် ၃၅ ယူရိုငွေခန့် ရှိပါသည်။